TNLA သိမ်းထားသည့် မိုးကုတ်ကို မေလ ၂ ညသန်းခေါင်တွင် လေတပ်က ဗုံးနှစ်လုံးကြဲချတိုက်ခိုက်သွားသည်။
မိုးကုတ်မြို့ကို ကင်းထောက်လေယာဉ်များက တနေ့လုံး စောင့်ကြည့် ကင်းထောက်နေခဲ့ပြီး မြို့အရှေ့ပိုင်း ဗဟင်းရွာနှင့် အုတ်အင်းကျေးရွာကို မေလ ၂ရက် ည ၁၁နာရီ ၄၇မိနစ်၌ မြေပြင်၌ကပ်ပျံလာသည့် တိုက်လေယာဉ်က ဗုံးကြဲသွားခြင်းဖြစ်သည်။
ဗဟင်းရွာတွင် တောထဲဘက်ကြဲသွားခြင်းဖြစ်ပြီး အုတ်အင်းတွင် အကြမ်းဖက်သမားများ နေထိုင်သည့်နေရာများအား တိုက်ရိုက်ထိမှန်အောင် ကြဲချတိုက်ခိုက်သွားခြင်းဖြစ်သည်။
ပလောင် TNLAများအား ၎င်းတို့ လာရောက် သိမ်းပိုက်ထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ် စသောဒေသများမှ ဆုတ်ခွါပြီး ရရှိထားပြီးသော ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့နယ်သို့ ပြန်ပါရန်တောင်းဆိုခဲ့သော်လည်း ပလောင်TNLA များက သဘောမတူငြင်းဆန်နေသည်။
