ကား ၂ စီးဖြင့် အကြမ်းဖက်သမားများ လာဖို့ရှိကြောင်း” ဒေသခံပြည်သူများ၏ အချိန်နှင့်တကွ အတိအကျသတင်းပေးမှုအရ မေလ ၁ ရက် ညနေပိုင်းအချိန်တွင် ရေဖြူမြို့နယ်၊ စိန်ဘုံရွာအနီးတွင် လုံခြုံရေးအဖွဲ့ဝင်များက ကြိုတင်စောင့်ဆိုင်းနေစဉ် စိန်ဘုံရွာဘက်မှ မောင်းနှင်လာသည့်ကား ၂ စီးအား စစ်ဆေးရန် တားဆီးစဉ် လက်နက်ငယ် ၂ ချက် ပြန်လည်ပစ်ခတ်ပြီး မောင်းနှင်ထွက်ပြေးသဖြင့် လုံခြုံရေးစစ်ကြောင်းက ပစ်ခတ်ခဲ့ရပြီး ကားများထား၍ ရန်သူထွက်ပြေးသွားခဲ့။ ဖြစ်စဉ်တွင် မိမိ ထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ –
(၁) အကြမ်းဖက် ၃ လောင်း
(၂) အကြမ်းဖက် (မ) ၁ ဦး (အရှင်မိ)
(၃) KR-16 သေနတ် ၁ လက်
(၄) ပစ္စတို ၁ လက်
(၅) ကျည်အိမ် ၂ ခု၊ ကျည် ၂၅ တောင့်
(၆) ကား ၂ စီး (Isuzu ၁၊ Hilux ၁) တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။
သတင်းပေးမှုကြောင့် အကြမ်းဖက်များ၏ အလောင်း/လက်နက်များရရှိ
