မေလ ၂ ရက်နေ့ နေ့လည်ပိုင်းအချိန်တွင် မိမိတပ်စခန်းနှင့် စစ်ကြောင်းများကို လက်နက်ကြီးဖြင့် နှောင့်ယှက်ပစ်ခတ်နေသည့် နောင်ချိုဒေသရှိ အကြမ်းဖက် TNLA အခိုင်အမာစခန်းကုန်း ၂ ခုအား သိမ်းပိုက်ရရှိခဲ့သည်။ စခန်းကုန်းသိမ်းချိန်တွင် ရန်သူသည် ရင်ဆိုင်တိုက်ခိုက်နိုင်ခြင်းမရှိဘဲ အလောင်း/လက်နက်များ ဆွဲယူကာ ဆုတ်ခွာထွက်ပြေးခဲ့သည်။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ –
(၁) လက်နက်/ခဲယမ်း/ဗုံးသီးများ
(၂) ဘန်ကာ/ပစ်ကျင်းများ အား သိမ်းပိုက်ရရှိခဲ့ပါသည်။ နယ်မြေရှင်းနေဆဲဖြစ်သည့်အတွက် သတင်းဆက်အား ထပ်မံဖော်ပြပါမည်။







