မေ ၁ ရက် နေ့လည်ပိုင်းအချိန်က ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့၏ အနောက်မြောက်ဘက် ဝမ်ကုန်းရွာအနီးတွင် လုံခြုံရေးဆောင်ရွက်နေသည့် စစ်ကြောင်းအား အကြမ်းဖက် KNDF ၁၅ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ –
(၁) အကြမ်းဖက် ၁ လောင်း
(၂) M-22 သေနတ် ၁ လက်
(၃) ကျည်အိမ် ၁ ခု၊ ကျည် ၂၀ တောင့်
(၄) တိုက်မိုင်း ၂ လုံး တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။
လွိုင်လင်လေးတွင် KNDF အလောင်း/လက်နက်ရရှိ
