မေ ၂ ရက် ၊ သောကြာနေ့ မနက်ခင်းသတင်းများ

နိုင်ငံတကာ ထူးခြားသတင်းများ

-အစ္စရေးတွင် ရှို့မီးဟုယူဆရသော တောမီးအကြီးအကျယ်လောင်ကျွမ်းနေပြီး မြို့တော်ဂျေရုဆလင်နားအထိ ရောက်လာ၍ မီးသတ်တပ်ဖွဲ့အား စစ်တပ်က ကူညီနေရသည် ။

-ကန် ဘဏ္ဍာရေးဝန်ကြီးနှင့် ယူကရိန်း ဒုဝန်ကြီးချုပ်တို့ သယံဇာတ ခွဲဝေတူးဖော်ရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့သည် ၊ အပြန်အလှန်အားဖြင့် ရုရှားနှင့်စစ်ပြီးဆုံးက ယူကရိမ်း၏ လေကြောင်းရန်ကာကွယ်ရေးကိုကူညီမည်ဟုဆိုသည် ။

အမေဇုန်ကုမ္ပဏီသည် ၎င်းတို့တင်သွင်းရောင်းချသောကုန်ပစ္စည်းများအပေါ် စျေးနှုံးစာရင်းဖော်ပြရာ၌ မူလတန်ဘိုးက ဘယ်လောက် ၊ အစိုးရအခွန် က ဘယ်လောက် ၊ ထို့ကြောင့် လက်ရှိစျေးနှုံးက ဘယ်လောက် ဟူ၍ ဖော်ပြထားသောကြောင့်အစိုးရ၏အာရုံစိုက်ခြင်းခံနေရသည် ။

-ယူကရိန်းတို့ဖမ်းမိထားသော တရုတ်စစ်သား၏ထွက်ဆိုချက်အရ ၎င်းတို့သည် ရုရှားစစ်မြေပြင်၌ တစ်လလျှင် လစာ ဒေါ်လာ ၂၄၀၀ နှင့် စခန်းတစ်ခုသိမ်းနိုင်က ဆုကြေး ၅၉၈ ဒေါ်လာ ရရှိကြောင်း ပြောဆိုသည် ။

-အာဖဂန်နှင့် ကင်မရွမ်း နိုင်ငံသား ၁၀၀၀၀ ကျော်အား စစ်ဖြစ်နေသောနိုင်ငံသားအားယာယီအကာကွယ်ပေးခြင်း TPS (Temporary Protection System) ကဒ်ထုတ်ပေးထားခြင်းမှပြန်ရုပ်သိမ်းလိုက်ပြီး အမေရိကန်မှပြန်ပို့ရန်စီစဥ်နေသည် ။

-အမေရိကန်တွင် အစိုးရသစ် ၏ ပထမ ၃ လပါတ်၌ စီးပွားရေးတိုးတက်မှု့ အနုတ် ၀.၃% ပြခဲ့ခြင်းသည် ဘိုင်ဒန် ကြောင့်ဟု ထရန့် က အပြစ်ဘို့လိုက်သည် ။

-တောင်ကိုးရီးယားသမ္မတဟောင်း ယွန်းစွတ်ယုံးအား အာဏာအလွှဲသုံးမှု့ဖြင့် စွဲချက်တင်သည် ။

ပြည်တွင်းထူးခြားသတင်းများ

-ရှမ်းပြည်နယ် တောင်ခမ်း ၊ ကချင်ပြည်နယ် ဗန်းမော် ၊ကယားပြည်နယ် မိုးဗြဲတို့တွင် တပ်မတော်မှ အောင်ပွဲများရနေပြီး သူပုန်တို့ ဆုတ်ခွာနေရသည် ။

-မြစ်ကြီးနားလေယာဥ်ကွင်း နှင့် တောင်ငူလေတပ် ၊ ရှော့တိုက်ဒုံး နှင့်အပစ်ခံရသော်လည်း ထိခိုက်မှု့မရှိပါ။

ရေစကြို နယ်တွင် PDF အကြမ်းဖက်သမားများအား တပ်မတော်မှ စစ်ကြောင်းထိုးရှင်းလင်းနေသည် ။

-မန္တလေးတွင် ယောင်္ကျားဖြစ်သူအား လင်ငယ်ကိုသတ်ခိုင်းသောအမှု့နှင့် တစ်ဦးတည်းနေထိုင်သူ အသက် ၆၅ နှစ်အရွယ် ပါမောက္ခ(ငြိမ်း)အား လူသတ်ပစ္စည်းယူ သူ တို့ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည် ။

Leave a Reply

Your email address will not be published. Required fields are marked *