ကျောက်ဆည် အရှေ့ငယ်တိုးရွာက ဦးဝင်းလွင်ထံသို့

ဦးလေး ကိုယ်တိုင် ကိုးလလွယ်ဆယ်လ မမွေးခဲ့ရပေမယ့် ၂၁ နှစ်အရွယ်ထိ မျက်စိအောက်ကမခွါ ရှာဖွေကျွေးမွေးခဲ့ရတဲ့ သားကောင်းအရွယ်ကောင်းရတနာ မောင်အောင်သိန်းကျော်ကတော့ TNLA အဖွဲ့အတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားပါပြီ။

pdf ဆိုတာ နိုင်ငံတော်ကိုကာကွယ်တဲ့ လူငယ်တစ်ဦးလို့ ကိုယ်မလုပ်ရတိုင်းစောက်တလွဲအတွေးအခေါ်တွေ ရိုက်ထည့်ပြီး တိုင်းပြည်မပူပူအောင် မြှောက်ပေးခဲ့တဲ့ NLD ပြည်ဖျက်ပါတီအောက်က NUG အဖွဲ့ရဲ့ငမိုက်သားတွေကြောင့် ဦးလေးရဲ့သားဟာ သွေးဆူလွယ်တဲ့ လူငယ်မို့ PDF ထဲကို မျက်စိမှိတ်ခုန်ဝင်လိုက်ရဟန်တူပါတယ်။

အခုတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ TNLA ( တအောင်းလွတ်မြောက်ရေးအဖွဲ့ ) အကြမ်းဖက်အဖွဲ့ရဲ့ အသုံးချတာကို ခံလိုက်ရပါပြီ။ TNLA တွေက စခန်းသိမ်းတိုက်တဲ့ပွဲတွေမှာ သူတို့ကနောက်ကနေပြီး ဦးရဲ့သားလိုမျိုး ဗမာ PDF လူငယ်တွေကို ရှေ့ဆုံးကနေ တိုက်ခိုင်းတာပါ။ နားလည်လွယ်အောင်ပြောရရင်တော့ရှေ့ဆုံးကနေ အရင်ဆုံးအသေခံခိုင်းတာပါပဲ။ အဲ့အထဲ ဦးလေးရဲ့သားလည်း ပါသွားပြီး အခုတော့ကျဆုံးသွားခဲ့ပါပြီ။

ဆုံးတာကို စစ်လော်ဘီချန်နယ်မှာတွေ့လို့ ပြောပြခြင်းဖြစ်ပါတယ်။ သားရဲ့ အလောင်းပုံတော့ မဖော်ပြတော့ပါဘူး မြင်လည်းမမြင်ချင်ပါနဲ့တော့ ဦးလေး . . . အခုလိုပြောရခြင်းဟာ နာရေး လုပ်နိုင်အောင်သာအသိပေးခြင်းပါပဲ။ အခုဆို ဦးလေးလည်း ကိုယ့်ရဲ့သားကျဆုံးသွားတာကို သိကောင်းသိနေလောက်ပါပြီအခုဆို ဦးလေးလည်း ကိုယ်မသေတိုင်း မြှောက်ပေးတဲ့ ကောင်တွေကိုပဲဆဲရမလား PDF ထဲသွင်းမိတဲ့ ကိုယ့်ကိုကိုယ်ပဲအပြစ်တင်ရမလား ဒါမှမဟုတ် သားဖြစ်သူရဲ့ဆန္ဒကြောင့်ဝင်သွားတာကို မတားမိခဲ့တာကိုပဲ အပြစ်တင်ရမလား ရှေ့ဆုံးကနေအသေခံတိုက်ခိုင်းတဲ့ TNLA ကိုပဲ ပုဆိုးလှန်ပြရမလား ဒုက္ခတွေခံရတာ သက်သာသွားပါပြီလေလို့ ဖြေသိမ့်နေမလား . . .ကိုယ်တိုင်သာ အသိဆုံးပါ။

ဦးလေးသိအောင်တစ်ခုပြောရရင် ဦးလေးသားက အဲ့လို အသေခံသွားရတဲ့အချိန်မှာ လင်းလင်း ချစ်သုဝေ တို့လို ဦးလေးသားကို မြှောက်ပေးကြသူတွေက နိုင်ငံခြားမှာ ဖျော်ဖြေပွဲလုပ်နေကြပါတယ်။ သူတို့ရဲ့ သမီးနှစ်ယောက်ဖြစ်တဲ့ ခေတ်ခေတ်နဲ့ သစ်သစ် ဆိုတဲ့ ကလေးနှစ်ယောက်ကို သားသမီးချင်း ကိုယ်ချင်းမစာ လူတစ်လုံးသူတစ်လုံးဖြစ်အောင် အန္တရာယ်တွေနဲ့ အဝေးဆုံးမှာထားပြီး လှလှပပ ကောင်းကောင်းမွန်မွန်လေးနဲ့ ပွဲထုတ်ပြီး လက်ခုပ်သံတွေချူနေကြပါတယ်။

တစ်နည်းပြောရရင် သူတို့ချူတဲ့ လက်ခုပ်သံက ဦးလေးသားရဲ့ နောက်ဆုံးထွက်သက်တွေပါပဲ။ ဒါကြောင့် ကျနော့်ကိုမေးရင်တော့ လူငယ်တွေကိုမြှောက်ပေးပြီး ကိုယ်တိုင်ကျ အလွတ်ရုန်းသွားတဲ့ မင်းသမီးမင်းသားတွေနဲ့ ဗမာတွေအပေါ်လူလည်ကျတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကိုပဲ တွေ့ရာနဲ့ ကိုင်ဆဲမှာပါခင်ဗျာအခုထက်ထိ ဦးလေးရဲ့သားလို လူငယ်အများကြီးတွေတဖြုတ်ဖြုတ် ကြွေလွင့်နေကြဆဲပါ😔Aung Shinn#

Leave a Reply

Your email address will not be published. Required fields are marked *