အန္တရာယ်ရှိအဆောက်အဦများ ဖြိုချဖို့ အိမ်ပိုင်ရှင်များအခက်တွေ့နေ

ငလျင်ကြောင့် ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ရကာ ပတ်ဝန်းကျင်အတွက် အန္တရာယ်ရှိနေသော မန္တလေးမြို့ မှ အဆောက်အအုံပိုင်ရှင်အချို့အနေဖြင့် ကိုယ်တိုင်ဖြိုချလိုသော်လည်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ (MCDC) ၏ စည်းမျဉ်းများ အကြား အခက်အခဲ ရှိနေကြောင်း သိရှိရသည်။

ငလျင်ကြီးအပြီး မန္တလေးမြို့တွင် အဆောက်အအုံများ ဆိုးဆိုးဝါးဝါး ထိခိုက်မှုရှိခဲ့ရာ အချို့အဆောက်အအုံများက လုံးဝ ပျက်စီးသွားသော်လည်း အချို့အဆောက်အအုံများမှာမူ တစ်စိတ်တပိုင်း ပြိုကျကာ ဘေး (သို့မဟုတ်) အရှေ့ဘက်သို့တိမ်းစောင်းကာ ပတ်ဝန်းကျင်အတွက် အန္တရာယ် ရှိနေခြင်း ဖြစ်သည်။

MCDC အနေဖြင့် ယင်းကဲ့သို့ အန္တရာယ်ရှိ အဆောက်အအုံများကို အခမဲ့ ရှင်းလင်းပေးရန်အတွက် စီစဉ်နေပြီး ထိခိုက်ခဲ့သူ အိမ်ပိုင်များက အချက်အလက်ပေးရန် တောင်းခံနေသည်။သို့သော် MCDC တွင် စက်အား၊ လူအား လိုအပ်ချက်ရှိနေသည့်ကာလတွင် အိမ်ပိုင်ရှင် အချို့က ပတ်ဝန်းကျင်ကို ထိခိုက်နိုင်သည့်အပျက်အစီးများကို မိမိအစီအမံဖြင့် ရှင်းလင်းလိုနေကြကြောင်း သိရသည်။

“မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ က ခြောက်မြို့နယ် မှ ပျက်စီးခဲ့ရသော နေအိမ်များ အတွက် ကောင်တာများ ဖွင့်လှစ်ထားကာ အချက်အလက်များ ကို ကောက်ခံနေကြောင်း သိရသည်။

“မိမိသဘောနဲ့ မလုပ်ဖို့နှင့် ငလျင်ကြီး လှုပ်လို့ အသက်တွေ ဆုံးရှုံးရတာ တမျိုး၊ အဆောက်အဦတွေ တန်းလန်းကြီး ဖြစ်နေတဲ့ ဥစ္စာကို ဖြိုလိုက်မှ ထပ်ပြီးတော့ အသက်တွေ ဆုံးရှုံးရမယ့်ဟာတွေ မဖြစ်ရအောင်လို့ကြပ်မတ် ဆောင်ရွက်‌‌လျက်ရှိပါသည်‌။

ငလျင်ဒဏ်ကို အားလုံး အတူတူ ခံစားရခြင်း ဖြစ်ကာ ပြည်သူများ ၏ စိတ်အတွင်း ဘဝင်မကျ၍ ပြောခြင်းကို မည်သို့မျှ ပြန်လည်ပြောကြားလိုခြင်း မရှိသော်လည်း တတ်နိုင်သရွေ့ အစွမ်းကုန် ရှိသည့် လူအင်အား၊ စက်အင်အားဖြင့် ဆောင်ရွက်နေကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *