ငလျင်ကြောင့် ပျက်စီးမှုများအတွက် ပေးလျော်ရမည့် အာမခံလျော်ကြေးငွေ ကျပ်ဘီလီယံ ၈၀ ခန့်ရှိနေ

မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် မြန်မာ့အာမခံလုပ်ငန်းထဲသို့ တင်ပြလာသည့် အာမခံလျော်ကြေးတောင်းခံစာ (၁၅၈)စောင် ရှိပြီဖြစ်ပြီး ပေးလျော်ရမည့် အာမခံလျော်ကြေးငွေ ကျပ်ဘီလီယံ ၈၀ ခန့်ရှိကြောင်း သိရသည်။

မြန်မာ့အာမခံလုပ်ငန်းတွင် မီးနှင့် မြေငလျင်ဘေးဒဏ်အတွက် အာမခံထားသူများအား ပေးလျော်ရမည့် လျော်ကြေးငွေများကို အမြန်ဆုံး ပေးအပ်နိုင်ရေးအတွက် ဆောင်ရွက်နေပြီး မြို့နယ်ထွေအုပ်၊ မီးသတ်၊ မိုးဇလနှင့် စည်ပင်အဖွဲ့များပါဝင်သည့် လျော်ကြေးစိစစ် ရေးအဖွဲ့၏ အစီရင်ခံစာပေါ်မူတည်၍ လျော်ကြေးပေးသွားမည်ဟု မြန်မာ့အာမခံလုပ်ငန်းက ဆိုထားသည်။

ယင်းသို့ လျော်ကြေးများ ပေးအပ်ရာတွင် အလုံးစုံ ဆုံးရှုံးမှုများအတွက် အာမခံထားသည့်အတိုင်း အလုံးစုံ ပေးချေမှာဖြစ်သလို တစ်စိတ်တစ်ဒေသ ဆုံးရှုံးမှုအတွက်ကိုလည်း ဆုံးရှုံးသည့်အစိတ်အပိုင်းအတွက် ပြင်ဆင်စရိတ်အဖြစ် လျော်ကြေးပေးချေသွားမည်ဖြစ်ပြီး လျော်ကြေးရယူလိုသူများအနေဖြင့် မြန်မာ့အာမခံလုပ်ငန်း(ရန်ကုန်ရုံးချုပ်)နှင့် နီးစပ်ရာ မြန်မာ့အာမခံလုပ်ငန်း ရုံးခွဲများသို့ ဆက်သွယ်တောင်းခံနိုင်ကြောင်း သိရသည်။

crd//mhtnews@myanmarhardtalk

Leave a Reply

Your email address will not be published. Required fields are marked *