MDY-PDF အဖွဲ့က ဆယ်ကျော်သက်အရွယ်ကလေးဖြစ်သူနဲ့ အမကို ပစ်သတ်လိုက်တဲ့မြင်ကွင်းကြောင့် မိခင်ဖြစ်သူပါ သေဆုံး

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကံတောင်ရွာ၊ ရွှေကံ့‌ကော်ရပ်ကွက်က မသီတာစန်း (၂၈)နှစ်၊ ဆယ်ကျော်သက်အရွယ် မောင်လှိုင်ဝေလင်း (၁၄) နှစ်တို့ မောင်နှမနှစ်ယောက်ကို MDY-PDF အဖွဲ့က စိုးကြီး ခေါ် ကိုကိုစိုးဆိုတဲ့ PDF တစ်ယောက်က မတ်လ ၃၀ ရက်နေ့၊ ည ၁၁ နာရီခန့်မှာ အိပ်ပျော်နေတဲ့အချိန် အိမ်ထဲအထိ ရောက်လာပြီး သေနတ်နဲ့ပစ်သတ်လိုက်တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

ပစ်ခတ်မှုဖြစ်တဲ့ အသံကြောင့် အိမ်ထဲမှာ ရှိနေတဲ့ မိခင်ဖြစ်သူ ဒေါ်ခင်မျိုးကျော် (၄၃) နှစ်က သားသမီး နှစ်ယောက်သွေးအိုင်ထဲ သေနေတာကို တွေ့သွားပြီး ရုတ်တရက် ‌နှလုံးရှော့ခ်ဖြစ်ပြီး သေသွားခဲ့တယ်လို့ သိရတယ်။

ပစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းသိရှိရတာကတော့ PDF စိုးကြီးဟာ မသီတာစန်းရဲ့ အကိုဖြစ်သူနဲ့အတူတူ မူးယစ်ဆေး ရောင်း/ဝယ်သုံးစွဲနေကြဖြစ်ပြီး သီတာစန်းရဲ့အကိုဖြစ်သူကို NUG လက်အောက်ခံ ကံတောင်ပကဖက မူးယစ်ဆေးမှုနဲ့ ဖမ်းဆီးချိန်မှာ စိုးကြီးပါ ပါဝင်ကြောင်း ထွက်ဆိုထားတဲ့အတွက် အငြိုးထားလာရောက်သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

စိုးကြီးက မသီတာစန်းကို ပစ်တဲ့အချိန်မှာ မောင်လှိုင်ဝေလင်းက သူ့အမကို မပစ်ဖို့အတွက် ဝင်ရောက်တားဆီးရာမှ နှစ်ယောက်လုံးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

စဉ့်ကူးမြို့နယ်က လက်ရှိမှာ MDY-PDF အဖွဲ့နဲ့ NUG လက်အောက်ခံ ပကဖ၊ ပအဖ၊ ပလဖတွေ ကြီးစိုးထားတဲ့ နယ်မြေလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *