အချင်းချင်းနယ်မြေလုရာမှ PDF အချင်းချင်းပစ်ခတ်မှုဖြစ်ပွား

သရက်ချောင်းမြို့နယ်၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA၊ တပ်ရင်း (၁၂) လက်အောက်ခံတပ်ဖွဲ့နှင့် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်-PDF အမှတ် (၂) တပ်ရင်းတို့ အချင်းချင်းပစ်ခတ်မှုတွင် PDF ရဲဘော်နှစ်ဦးသေဆုံးကြောင်း သိရသည်။

ထားဝယ်-မြိတ်သွားကားလမ်းပေါ်ရှိ ဝင်းဝနယ်မြေရဲစခန်းကို တိုက်ခိုက်ရန်ကြိုတင်ရောက်ရှိနေသည့် KNLA တပ်ရင်း ၁၂ လက်အောက်ခံတပ်ဖွဲ့နှင့် နောက်မှ ယင်းနေရာသို့ ဝင်လာသည့် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေး-PDF အမှတ် (၂) တပ်ရင်း လက်အောက်ခံတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

စောဘဦးသစ်၏ အဆိုပါစစ်ရေးလမ်းကြောင်းပေါ်တွင် ဆက်လက်နှောင့်ယှက်ပါက မည်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်းကိုမဆို ရှင်းလင်းသွားမည်ဖြစ်ကြောင်း ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *