(နိုင်ငံတကာထူးခြားသတင်းများ)
-သမ္မတထရန့် ၏ အခွန်တိုးကောက်မှု့ကို တုန့်ပြန်သောအားဖြင့် အမေရိကန်မှတင်သွင်းမည့် ပဲပုတ် ၊ ဟာလေဒဗီဆင် ဆိုင်ကယ် နှင့် အလှကုန် ပစ္စည်းများအား EU ကအခွန်တိုးမြှင့်လိုက်သည် ၊ အခွန်တိုးမြှင့်မှု့သည် ဧပြီ ၁၅ ၌ စတင်အသက်ဝင်မည်ဖြစ်ပြီး ညှိနှိုင်းမည်ဆိုက ဆိုင်းငံ့ပေးမည်ဟု သိရသည်။
-ဗဟိုအမေရိကနိုင်ငံများဖြစ်သော ဂါတီမာလာ ၊ ဟွန်ဒူးရပ်စ် ၊ အယ်လ်ဆာဗေဒို စသည့်နိုင်ငံများမှ အမေရိကန်သို့ပြောင်းရွှေ့အခြေချ အလုပ်ကိုင်ကိုင်နေသူများသည် အမေရိကန်အစိုးရ ၏ မူဝါဒသစ်အရ နေရပ်ပြန်ပို့မှာကိုစိုးရိမ်ပြီး ရသမျှ လုပ်အားခများကို အလျင်အမြန်ပြန်ပို့နေကြရာ ဂါတီမာလာ တနိုင်ငံတည်းမှာပင် ၃ လအတွင်း ဒေါ်လာ ၅.၆၄ ဘီလျံ ရှိခဲ့ကြောင်း ဂါတီမာလာဗဟိုဘဏ်ဥက္ကဌကပြောသည် ။
(ပြည်တွင်း ထူးခြားသတင်းများ)
-လားရှိုးတွင် ပြစ်မှု့ကျူးလွန်သူ ၅ ဦးကို MNDAA က လူမြင်ကွင်း၌ သေဒဏ်စီရင် ခဲ့ရာ ယ္ခင်ကလည်း လောက်ကိုင်တွင် ၉ ဦးစီရင်ခဲ့ပြီးဖြစ်သည် ၊ ထိုလုပ်ရပ်အပေါ် EU က ကန့်ကွက်ကြောင်း ထုတ်ပြန်သည် ။
-တပ်မတော်မှ အပစ်ထားရပ်စဥ် စစ်ကိုင်းတိုင်းကောလင်းမြို့ကို ဝင်သိမ်း ခဲ့သော KIA/PDF တို့အား တပ်မတော်လေမှ ဗုံးကြဲရာ သူပုန်၂၄ ဦးသေ ၂၃ ဦးဒဏ်ရာရခဲ့ခြင်းအပေါ် ၎င်းတို့က အရပ်သားများဟု ဖော်ပြသည် ၊ အလားတူ ချင်းပြည်တွင်မိမိစခန်းကိုလာတိုက်သော ချင်းသူပုန်တို့ကိုဗုံးကြဲရာ သူပုန် ၁၂ ဦးသေ ၉ ဦးဒဏ်ရာရခဲ့ရာ အရပ်သားများဟု လိမ်ညာပြောဆိုခဲ့သည် ။
-ငလျင်ကြောင့် အင်းဝမြို့ဟောင်းတွင် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော် က တည်ဆောက်ခဲ့သော ရေနန်းတော်ကြီး ပေါ်ထွက်လာသကဲ့သို့ ၊ မိုင်းမော ၊ မြင်စိုင်း ၊ ပုလိပ် ၊ အမရပူရ စသည့်နေရာများ၌ လွန်ခဲ့သော နှစ်ပေါင်း ၁၈၀၀ ခန့်မှသည် ပုဂံ ၊ ညောင်ရမ်း ၊ ကုန်းဘောင် စသည့် ခေတ်အဆက်ဆက် ရှေးဟောင်းအဆောက်အဦ၊ ဘုရားစေတီ များ ၁၃ ခု အထိပေါ်ထွက်လာခဲ့ကြောင်း မန္တလေးတိုင်းရှေးဟောင်းသုတေသနညွှန်ကြားရေးမှုး ဒေါက်တာ သန်းထိုက် က ပြောသည် ။
(ပြည်ထောင်စုနယ်မြေ နေပြည်တော်)
-ဖာသာ ဂဟေဟန် ဦးစီး အမေရိကန် ယာယီကုတင် ၄၀ ဆေးကုသမှု့အဖွဲ့အား နိုင်ငံတော်အကြီးအကဲ က တွေ့ဆုံအားပေးပြီး ကျေးဇူး တင်ကြောင်း ပြောခဲ့သည် ။
-USDP ပါတီသည် ငလျင်ကြောင့် ပျဥ်းမနား၌ ဗလီပြိုသေဆုံးခဲ့သော မွတ်ဆလင် ၄၅ ဦး နှင့် အိမ်ပြိုခဲ့သော ရေပြာကျေးရွာ နှင့် ဓနုဓမ္မာရုံ ရှိရွာသူရွာသား ၁၂၂ ဦး တို့အား ပစ္စည်းစုံ ၁၀ မျိုးပါ သေတ္တာများ ၊ ဆန် ၊ ခေါက်ဆွဲခြောက် ၊ သောက်ရေသန့်များ ပံ့ပိုးပေးခဲ့ကြောင်း သိရှိရသည်။
