စင်ကာပူကယ်ဆယ်ရေးအဖွဲ့မှ ပြန်လည်မထွက်ခွာမီရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့

မြန်မာ့ငလျင်ဘေး လာရောက်ကူညီသည့် စင်ကာပူကယ်ဆယ်ရေးအဖွဲ့ Singapore Civil Defence Force သည် မြန်မာနိုင်ငံအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံး၍ စင်ကာပူနိုင်ငံသို့ ပြန်လည်မထွက်ခွာမီ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ကယ်ဆယ်ရေးအဖွဲ့အား မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူက တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်းများ လက်ခံခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့သော ပစ္စည်း ၁၁ မျိုး ဖြစ်ပြီး ယာယီ တဲများ စားပွဲများအပါအဝင် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ပါဝင်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *