ဒီဟေးယားကို ပြန်လည်ခေါ်ယူရန် မန်ယူအသင်းကြိုးပမ်းနေ

မန်ယူအသင်းသည် စပိန်ဂိုးသမား ဒီဟေးယားကို လာမည့်နွေရာသီတွင် ပြန်လည်ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။ 

ဒီဟေးယား(၃၄ နှစ်)သည် မန်ယူအသင်းတွင် ၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ကစားခဲ့သူဖြစ်ပြီး လက်ရှိအချိန်၌ အီတလီကလပ် ဖီအိုရင်တီးနားအသင်းသို့ ရောက်ရှိနေသည်။ 

မန်ယူအသင်းသည် ၎င်းကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်ခဲ့ခြင်းဖြစ်သော်လည်း ယခုအခါ ပြန်လည်ခေါ်ယူရန် ကြိုးပမ်းနေကြောင်း စပိ်န်မီဒီယာအချို့က ဖော်ပြခဲ့သည်။ 

မန်ယူအသင်းသည် မမှားသင့်သည့် အမှားကို မကြာခဏကျူးလွန်လေ့ရှိခြင်းကြောင့် ဝေဖန်ခံနေရသည့် အသင်းလက်ရှိဂိုးသမား အိုနာနာကို ရောင်းထုတ်ဖွယ်ရှိကြောင်းလည်း သိရသည်။

ဒီဟေးယားသည် ဖီအိုရင်တီးနားအသင်းနှင့် ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း တစ်နှစ်ထပ်မံတိုးမည်ဆိုသော အချက် ပါဝင်ကြောင်း သိရှိရသည်။ 

ဒီဟေးယားသည် ယခုရာသီတွင် ဖီအိုရင်တီးနားအသင်းအတွက် လက်စွမ်းပြနေပြီး ပြိုင်ပွဲစုံ ပွဲ (၃၀) တွင် (၃၂) ဂိုးသာ ပေးထားရကာ Clean Sheet (၁၀) ပွဲအထိ ရရှိထားကြောင်း သိရသည်။

CRD//ELEVEN

Leave a Reply

Your email address will not be published. Required fields are marked *