(ပြည်ပ ထူးခြားသတင်းများ)
-ထိုင်ဝမ်ကျွန်းကို အလုံးစုံပိတ်ဆို့ဖြတ်တောက်သော စစ်ရေးလေ့ကျင့်ခန်းကို တရုတ်ကြည်းတပ် ၊ ရေတပ် ၊ ဒုံးတပ်များဖြင့် လေ့ကျင့်ခဲ့သည် ။
(ပြည်တွင်း ထူးခြားသတင်းများ)
-ကျောက်ဆည်ငလျင် ၌ မူကြိုကျောင်းပြိုကျသဖြင့် ခလေး ၂၁ ဦး ဆရာမ ၃ ဦး သေဆုံးသည် ။
-ရမည်းသင်း ငလျင် ရွာတန်းတိုက်နယ် နှစ် ၁၀၀ ကျော်ရှေးဟောင်းကျောင်း ပြိုကျရာ ယဥ်ကျေးလိမ္မာ သင်နေသူ ခလေး ၁၃ ဦး သေပြီး ဘုန်းကြီး ၁ ပါး ပျံလွန်ခဲ့သည် ။
-ဗန်းမော် ၊ ဝိုင်းမော် ၊ အင်းတော် ၊ နောင်ချို ၊ စလင်းတို့၌ တပ်မတော်လေ က ဗုံးဆက်ကြဲ ရှင်းလင်းခဲ့သည် ။
-အော်ပရေးရှင်း ဘားမား အမည်ဖြင့် အိန္ဒိယကယ်ဆယ်ရေးစစ်သေင်္ဘာ ၂ စီး ရန်ကုန်ရောက်ရှိလာသည် ။
-ဧရာဝတီတိုင်းမှ ကျွမ်းကျင် လျှပ်စစ်အင်ဂျင်နီယာ ဝန်ထမ်း ၅၀ ဦး မန္တလေး မီးပြန်ရရေးကူညီဆောင်ရွက်ပေးလျက်ရှိသည် ။
ပြည်ထောင်စုနယ်မြေ နေပြည်တော်
-ဇဗ္ဗူသီရိမြို့နယ် ဗူးကွဲ အိမ်ယာ တိုက်အမှတ် ၃၁၉၅ ပြိုကျရာ၌ ပိမိနေသူ အသက် ၆၃ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး ၉၁ နာရီကြာ ပိတ်မိနေပြီးနောက် ကယ်ဆယ်ရေးအဖွဲ့များက အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့သည် ။
-ယနေ့ ဧပြီ ၂ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေမှ ပါတီဝင် ၂၃ ဦး ၊ မနက် ၁၁း၃၀ အချိန် တပ်မတော်ကုတင် ၁၀၀၀ အဆောင် ၃၆ ၌ စုပေါင်းသွေးလှူဒါန်းခြင်းနှင့် လူ ၁၀၀၀ စာ ချက်ပြုတ်ကျွေးမွေးခြင်း ဆောင်ရွက်မည်ဖြစ်ပါသည် ။
