ငလျင်ဘေးဒဏ်ကယ်ဆယ်ရေးအတွက် ပြည်ပနိုင်ငံများမှကယ်ဆယ်ရေးအဖွဲ့များရောက်ရှိလာ

-ငလျင်ဘေးဒဏ်ကယ်ဆယ်ရေးအတွက် ကယ်ဆယ်ကုသရေးအဖွဲ့ဝင် ၃၇ ဉီးပါဝင်တဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးအဖွဲ့ မတ်လ ၂၉ ရက် ၇ နာရီ ၁၀ မိနစ်မှာ ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာခဲ့ရာ ပထမဉီးဆုံးရောက်ရှိလာတဲ့ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့ဖြစ်သည်။

-ပူတင်ရဲ့ ညွှန်ကြားချက်အရ အရေးပေါ်ကယ်ဆယ်ရေးနဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်မှုများအား ကူညီဆောင်ရွက်ပေးနိုင်ရန် ဆေးကုသရေးအဖွဲ့၊ အင်ဂျင်နီယာအဖွဲ့၊ ရှာဖွေရေးအဖွဲ့(လေ့ကျင့်ထားသောခွေးများအပါအဝင်) အင်အား ၁၂၀ ကျော် အထူး လေယာဉ် ၂ စီးဖြင့် ရောက်ရှိလာပြီ ဖြစ်သည်။

-ဘယ်လာရုဇ်သမ္မတရဲ့အစီအစဉ်အရ ဆေးကုသရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင် အင်အား ၅၀ ကျော် ကယ်ဆယ်ရေးပစ္စည်းများ အပါအဝင် လေယာဉ်တစ်စီးထပ်မံရောက်ရှိ-နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့များသည် နစကမှ ဖွဲ့စည်းထားသည့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးဉီးစီးကော်မတီ၏အစီအစဉ်ဖြင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး သဘာဝဘေးသင့်ဒေသများကို မတ်လ ၂၉ ရက်နေ့မှ စတင်ပြီး အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *