မတ်လ ၂၄ ရက် နေ့လည်ပိုင်းအချိန်က နယ်မြေရှင်းတပ်မတော်စစ်ကြောင်းသည် လွိုင်ကော်မြို့နယ်၊ ကုန်းသာရွာအနီးရှိ ရန်သူအခြေပြုထားသည့် လက်ဝါးကပ်တိုင်ကုန်းအား ဝင်ရောက်စီးနင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ရာ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ကျဆုံးပြီး ရန်သူ့ထံမှ -(၁) အကြမ်းဖက် KNDF အလောင်း ၂ လောင်း(၂) သေနတ် ၂ လက် – M-2 သေနတ် ၁ လက် – M-16 သေနတ် ၁ လက်(၃) ကျည်အိမ်/ ကျည်ဆန်များ(၄) လက်ပစ်ဗုံး/ မိုင်းများ(၅) ပစ်ကျင်း/ ဘန်ကာများ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရပါသည်။
လွိုင်ကော်အနီးတွင် KNDF အလောင်းလက်နက်များ သိမ်းဆည်းရရှိ
