မတ်လ ၂၄ ရက် မနက်ပိုင်းအချိန်က ဗန်းမော်မြို့နယ်၊ ကျွန်းကုန်းရွာအနီးတွင် နယ်မြေရှင်းတပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက် KIA အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူမှာ အလောင်း ၃ လောင်းနှင့် လက်နက်များ ဆွဲယူပြီး ထွက်ပြေး သွားခဲ့ပြီး ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ ဆွဲမပြေးနိုင်ဘဲကျန်ရစ်ခဲ့သည့် –
(၁) အကြမ်းဖက် KIA ၁ လောင်း
(၂) လက်နက်မျိုးစုံ ၂ လက်
- RPG လောင်ချာ ၁ လက်
- KA သေနတ် ၁ လက်
(၃) ဗုံးသီးမျိုးစုံ ၁၇ လုံး
(၄) လက်ပစ်ဗုံး ၂ လုံး၊ ကျည်အိမ် ၃ ခု
(၅) အိုင်ကွန် ၅ လုံး တို့အား သိမ်းပိုက်ရရှိခဲ့ပါသည်။


