မတ်လ ၂၂ ရက် စနေနေ့ မနက်ခင်းသတင်းများ

(ပြည်ပ ထူးခြားသတင်းများ)

-အင်ဒိုနီးရှားလွှတ်တော်တွင် စစ်ဘက်အရာရှိများ တပ်ကထွက်ပြီးက အစိုးရဝန်ကြီးဌာနများ၌ ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ကို ဥပဒေ ပြဌာန်းပေးခဲ့သည် ။

-ရုရှားသိမ်းထားသော ယူကရိမ်းပိုင် ဇာဘိုရီးရှား အနုမြူလျှပ်စစ်စက်ရုံကို အမေရိကန် က လွဲပြောင်းယူရေး ထရန့် နှင့် ဇလန်းစကီး ဆွေးနွေးခဲ့သည် ၊ အဆိုပါစက်ရုံသည် ဥရောပတစ်ခုလုံးကို ဓါတ်အားပေးနေသော အကြီးဆုံးစက်ရုံဖြစ်ပြီး ရုရှားသိမ်းပြီးကတည်းကရပ်တံ့ထားခဲ့ရာ ပြန်လည်ပါတ်ရန် ၂ နှစ်ခန့်အချိန်ယူပြင်ဆင်ရမည်ဆိုသည် ။

-ကမ္ဘာပေါ်တွင် ဒေသ ၁၉ ခု၌ ရေခဲတောင် ၂၇၅၀၀၀ ခန့်ရှိပြီး ၁၉၇၅ ခုနှစ်မှ ၂၀၂၅ အထိ ရေခဲတန်ချိန် ဘီလျံ ၉၀၀၀ အရည်ပျော်ခဲ့ကြောင်း ကမ္ဘာ့မိုးဇလ စောင့်ကြည့်ရေးအဖွဲ့မှ ဆာလက်ဆော်လို က ပြောသည် ။

-အမေရိကန် နှင့် ယူကရိန်း တို့ မြေရှားအပါအဝင် သံရိုင်း ၊ မင်္ဂနိစ် ၊ ယူရေနီယံ ၊ တိုက်တေနီယံ ၊ လစ်သူရေနီယံ သတ္တုများထုတ်လုပ်ခွင့် လက်မှတ်ထိုးတော့မည် ဟုဆိုသည် ။

-တရုတ်က ကာကွယ်ရေးဘတ်ဂျက်သုံးရာတွင် တကယ့်တိုက်ပွဲဝင်ရေးအတွက်လိုအပ်သည်များကိုသာ ထိရောက်စွာ သုံးစွဲရန်နှင့် အပို ပကာသန အတွက်မသုံးစွဲရေးလုပ်ဆောင်သွားမည်ဟု ဆောက်ချိုင်းနားမောနင်းပို့ သတင်းစာ၌ ဖော်ပြသည် ။

(ပြည်တွင်း ထူးခြားသတင်းများ)

-မကွေးတိုင်း ထီးလင်းမြို့နယ် အကြည်ဘန်းရွာ၌ ခံစစ်ပြင်ထားသော PDF စခန်း ဗုံကြဲ ရှင်းလင်းခံရပြီး အလားတူ ဒီမောဆိုး အနောက်ခြမ်း KNDF စခန်း ဗုံးကြဲရှင်းလင်းခံရသည် ။

-လားရှိုးတွင် MNDAA တပ်မဆုတ်ရေးနှင့် တရုပ်ဆန့်ကျင်ရေး ကြော်ငြာစာရွက်များ နေရာ ၃ နေရာတွင် ကပ်ခဲ့သည် ။

-မတ် ၁၈ ရက်နေ့က ဗဟိုဘဏ်သည် ဒေါ်လာ ၃၃ သန်းထုတ်ရောင်းပြီးနောက် 92 တလီတာ ၂၄၀ ကျပ် ၊ ဒီဇယ် တလီတာ ၁၆၀ ကျပ် ၊ ပရီမီယံ တလီတာ ၁၉၅ ကျပ် စီ စျေးကျသွားခဲ့၍ ၁ နှစ်အတွင်း တစ်လီတာ ၃၀၀၀ အောက်သို့ ပထမဆုံးအကြိမ်ရောက်သွားသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်

မနေ့က MICC 1 တွင်ကျင်းပပြုလုပ်သော ၂၀၂၅ အလွန် မြန်မာ့ပထဝီနိုင်ငံရေးဆိုင်ရာအခွင့်အလန်းနှင့်စိန်ခေါ်မှု့ ဖိုရမ် ၌ နိုင်ငံတော်အကြီးအကဲ မိန့်ခွန်းပြောခဲ့ပြီး တရုပ် ရုရှား အိန္ဒိယ အီတလီ ထိုင်း နီပေါ တို့မှ အစိုးရအကြီးအကဲဟောင်းများ နှင့် ပညာရှင်များ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *