မတ်လ ၁၇ ရက် မနက်ပိုင်းက သပိတ်ကျင်းဒေသအတွင်း နယ်မြေရှင်းလင်းနေသည့်စစ်ကြောင်းနှင့် အကြမ်းဖက် TNLA/DPLA အဖွဲ့ ၇၀ ဦးခန့်တို့ဖြင့် ထိတွေ့တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့စခန်းအား သိမ်းပိုက်ရရှိခဲ့သည်။
ဖြစ်စဉ်တွင် မိမိစစ်သည် ၃ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ –
(၁) အကြမ်းဖက် TNLA ၁ လောင်း
(၂) သေနတ် ၂ လက်
(၃) ကျည်အိမ်/ကျည်ဆန်များ
(၄) ဘန်ကာ ၁၂ လုံး
(၅) ပစ်ကျင်း ၂၁ ကျင်း
(၆) တဲ ၉ လုံး
(၇) ဆသရမြောင်း ၄၅၀ ပေခန့် တို့အား သိမ်းပိုက်ရရှိခဲ့ပါသည်။