မတ်လ ၁၄ ရက်နေ့တွင် လအပြည့်ကြတ်ခြင်း ဖြစ်ပေါ်နိုင်

မတ်လ ၁၄ ရက် (ယနေ့)နေ့လယ် ၁ နာရီ ၂၈ မိနစ် ၄၁.၇ စက္ကန့်အချိန်တွင် လအပြည့်ကြတ်ခြင်းဖြစ်ပေါ်နိုင်ပြီး မြန်မာနိုင်ငံအပါအဝင် အာရှဒေသအတော်များများမှ လကြတ်ခြင်းကိုမြင်ရမှာမဟုတ်ကြောင်း ပြင်ပ မိုးလေဝသပညာရှင် ဦးဝင်းနိုင်မှ ခန့်မှန်းထားပါသည်။

နေ့အပူချိန်များအနေဖြင့် မတ်လ ၁၅၊ ၁၆ နှင့် ၁၇ ရက်နေ့များတွင် ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း(အောက်)၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း(မြောက်ပိုင်း)နှင့် ကရင်ပြည်နယ်တို့တွင် အပူချိန်မြင့်တက်လာနိုင်ပြီး အမြင့်ဆုံးအပူချိန် ၄၀°Cနှင့်အထက်အထိ ရှိနိုင်ပါသည်။ သို့သော် မတ်လ ၁၃၊ ၁၄၊ ၁၅ နှင့် ၁၆ ရက်နေ့များအတွင်း ကချင်ပြည်နယ်တွင် မိုးအနည်းငယ်မှ အသင့်အတင့်ရွာနိုင်ကြောင်း ထပ်မံခန့်မှန်းထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *