လက်ရှိ စစ်ရေးအနေအထားအရ တပ်မတော်ရဲ့ ထိုးစစ်တွေ တစ်ပြိုင်တည်းစနေပြီ

            AA တို့ နတ်ရေကန်ကနေ သေကြေပျက်စီးများစွာနဲ့ ပြန်လည် ဆုတ်ခွာနေရပါပြီ ။ ထပ်ချပ်လိုက်ပြီး ရှင်းနိုင်မယ်ဆိုရင် နောက်နောင် ထိုးစစ် စိတ်ကူးဖို့ ခက်သွားပါလိမ့်မယ် ။ 

            နောက်ထပ် ကျောက်ဖြူဖက်က AA တို့ရဲ့ ရေခစခန်းကို တပ်မတော်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါပြီ ။ အလောင်း ၇ လောင်း နဲ့ လက်နက် ၁၂ လက် ရရှိထားပါတယ် ။ အလောင်း နဲ့ လက်နက် အရေအတွက် ခန့်မှန်းကြည့်ရတာ AA တို့ လူအင်အားနည်းပါးနေတဲ့ အနေအထားပါပဲ ။

           မိုးဗြဲတိုက်ပွဲကတော့ လက်နက်ကြီးဒဏ် ၊ ဒရုန်းဒဏ် တွေကြောင့် ဘယ်သူ့ရန်လုပ်ရမှန်းမသိပဲ KNDF လေးတွေ စုတ်ပြတ် ငုံးတိ နဲ့ အလောင်းမလှဖြစ်ရတာ ရာဂဏန်း ရှိနေပြီမို့ ရေရှည်တောင့်မခံနိုင်တော့ဘူးလို့ အော်နေကြပါပြီ ။ 

      မိုးဗြဲကို တိုက်နေတဲ့ စစ်ရှိန် လျှော့လို လျှော့ငြား ထွက်ပေါက်အနေနဲ့ ဘော်လခဲကို မာဝီတို့ တိုက်ကွက်ဖော်ပါတယ် ။ လက်ရည် တက်နေတဲ့ တပ်မတော်ရဲ့ ထိရောက်တဲ့ ပစ်ကူ နဲ့ လက်စွမ်းပြနေတဲ့ လေတပ်ကြောင့် ကသန်းကယန်းတို့ အသေအပျောက်များစွာနဲ့ ပြန်ဆုတ်သွားရပါပြီ ။ 

            တမူးနယ် ပန်းသာရွာ နယ်မြေရှင်းပွဲမှာ pdf  ၃ လောင်း အသေရခဲ့ပါတယ် ။ 

      ဗန်းမော်က KIA တို့ကတော့ မြို့ပြင်က တက္ကသိုလ်နားတောင် ကပ်မရတော့ဘူးလို့ ဆိုပါတယ် ။ PDF ၃ ယောက် အလင်းဝင်လာပါတယ် ။ ဗန်းမော်မှာ အလင်းဝင်ကြတာ စုစုပေါင်း ၂၀ ရှိပါပြီ ။ အနိုင် အရှုံး တွက်ဆကြည့်လို့ ရနေပါပြီ ။ 

              သပိတ်ကျင်းဖက်က တိုက်စစ်ကလည်း တရွေ့ရွေ့ ရှေ့သို့ ချီတက်နေပါတယ် ။ အောင်မြင်မှုတွေနဲ့ အတူ မကြာမှီ ရည်မှန်းရာသို့ ရောက်တော့မယ်လို့ ကြားရပါတယ် ။ 

        မိုးကုတ်ဗျူဟာမှူးရဲ့ လျှို့ဝှက်စစ်ကြောင်းကလည်း အရေးကြီးနေရာ ၃ ခုအား ယမန်နေ့ မနက်က တိုက်ခိုက်ကြပါတယ် ။ ညနေပိုင်းမှာ ရန်သူ့အလောင်း ၁၀ လောင်း လက်နက် ၇ လက် နဲ့ အတူ သိမ်းပိုက်ရရှိပြီးပြီလို့ သတင်းကောင်းကြားရပါတယ် ။ 

            ကန့်ဘလူ ကာဘိုးမှ အရေးကြီးသော ထောက်ပို့ ၆ ဦးအား လှုပ်ရှားစစ်ကြောင်းမှ လက်ရဖမ်းမိပြီး နောက်ထပ် အရေးကြီးဆုံး ထောက်ပို့ မာစတာကြီး ကျော်မင်းခန့်ကိုပါ လက်ရဖမ်းမိခဲ့အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

       ကိုရွှေမျိုးဝင်း

Leave a Reply

Your email address will not be published. Required fields are marked *