ဖယ်ခုံ ရှမ်းကျောင်းဆရာတော် (ဉီးဓမ္မသာရ သက်တော် ၄၈ နှစ် ဝါတော် ၂၉ ဝါ )ဟာ အင်းအရှေ့ဘက်ကမ်း အုန်းတိုင်းရွာရှိ နာရေးအိမ်တွင် တရားပေးနေစဉ် KNDF ခရစ်ယာန် အကြမ်းဖက်သမားများရောက်ရှိလာပြီး ရှမ်းကျောင်းဆရာတော်ကို အကြောင်းမဲ့ သေနတ်နှင့်အချက်ပေါင်းများစွာပစ်ခတ်ပြီး သတ်ဖြတ်ခဲ့ ပါတယ်။
အကြမ်းဖက် KNDF အဖွဲများဟာ ဆရာတော်ကို ပစ်ခတ် သတ်ဖြတ်ပြီးနောက် အလောင်းကိုလည်း အရှေ့ကာလရွာထဲကို တရွတ်တိုက်ဆွဲကာ ယူဆောင် သွားကြောင်းသိရပြီး ဆရာတော်ဟာ ရှမ်းလက်နက်ကိုင်တွေ ကိုးကွယ်သည့် ဆရာတော်တစ်ပါးဖြစ်ပြီး တပ်မတော်နဲ့ ဆက်စပ်မှု မရှိသူ ဖြစ်သည့်အပြင် စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ဆရာတော်တစ်ပါးဖြစ်တယ်လို ဒေသခံတွေကပြောဆိုကြကြောင်း သိရပါတယ်။ #crd


