ရခိုင်ပြည်နယ်သို့ပို့ဆောင်မယ့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရန်ကုန်မြိုမှ ရခိုင်ပြည်နယ်သို့ သယ်ဆောင်မည့် မူးယစ်ဆေးဝါးများကို ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြိုနယ်၊ ဘူးဘက်ကျေးရွာစစ်ဆေးရေးဂိတ်၌ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်က တရားခံများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သတင်းအရ ပိတ်ဆိုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ သန်းအောင်ဆွေ၊ ကျော်ဝင်းထွန်းနှင့် ကျော်ဆန်းမင်း ဆိုသူတို့ မောင်းနှင်လိုက်ပါလာသော SOJEN အဖြူရောင်ယာဉ်ပေါ်မှ စက္ကူပုံး ၆ ပုံးအတွင်း သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ် ၁.၅၃ ဘီလီယံခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀.၂ သိန်းပြားကိုလည်းကောင်း၊ ကျော်ဇင်လတ်၊ ခင်မောင်မြင့်ရွှေ၊ ကြည်ကြည်ခိုင် ဆိုသူများအား Probox အဖြူရောင်ယာဉ်နှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရ။#crd

Leave a Reply

Your email address will not be published. Required fields are marked *