မတ်လ ၂ ရက် မနက်ပိုင်းက နယ်မြေရှင်းစစ်ကြောင်းသည် ရေစကြိုမြို့၏ အရှေ့မြောက်ဘက် မီတာ ၃၅၀၀ ခန့်အကွာ မြေစွန်တော်ရွာနှင့် မာလကာခြံရွာအနီးတွင် နယ်မြေရှင်းလင်းရာ အကြမ်းဖက် ၄၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင် မိမိစစ်သည် ၂ ဦး မစိုးရိမ်ရဒဏ်ရာရရှိပြီး ရန်သူ့ထံမှ –
(၁) အကြမ်းဖက် ၅ လောင်း
(၂) လုပ်သေနတ် ၈ လက်
(၃) မိုင်းမျိုးစုံ ၁၀ လုံး တို့အား သိမ်းပိုက်ရရှိခဲ့ပါသည်။
ရေစကြိုတွင် အကြမ်းဖက်အလောင်း/လက်နက်များ သိမ်းဆည်းရရှိ
