-ဖေဖော်ဝါရီလ ၁၆ ရက် ၀၇၀၀ နာရီတွင် မင်းလှမြို့နယ်၊ ရှမ်းတပ်ကျေးရွာနေ ဇော်ဝင်း(၆၁)နှစ်၊ အောင်လံ(ခ)အောင်လှဝင်း(၄၁)နှစ်၊ ဖိုးကျော်(၂၇)နှစ်တို့ ၃ ဦးသည် Hijet (အဖြူရောင်)ယာဉ်ဖြင့် မင်းဘူးမြို့သို့ ဈေးဝယ်သွားရောက်ခဲ့ရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိကြောင်း၊ ဖေဖော်ဝါရီလ ၁၇ ရက် ၀၉၀၀ နာရီတွင် ဇော်ဝင်းမှ ၎င်း၏ဇနီးဖြစ်သူ ဒေါ်နီနီဝင်း(ခ)ဒေါ်နီ ထံသို့ ဖုန်းဖြင့်ဆက်သွယ်လာပြီး ၎င်းတို့ ၃ ဦးအား PDF အကြမ်းဖက်အဖွဲ့မှ ကျော်နိုင်ဦး(ခ)ကျော်သူရ(ခ)ရန်ကြီးအောင် ခေါင်းဆောင်သည့်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရ။
-ဖေဖာ်ဝါရီလ ၁၇ ရက် ၁၀၂၀ နာရီတွင် ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာ၊ ရန်ကင်းတောင်(၁၉)လမ်းသွား ကားလမ်း ဘေးရှိ Yan Kon KTV ဆိုင်ဝင်ပေါက်အနီး၌ လက်ပစ်ဗုံး ၁ လုံးတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ ပေါက်ကွဲမှုမရှိသေးသည့် တရုတ်လက်ပစ်ဗုံး ၁ လုံးအား တွေ့ရှိခဲ့သဖြင့် ဖောက်ခွဲဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။
