ကချင်ပြည်နယ်အတွင်းက PDF လူငယ်များအပေါ် KIO၊ KIA လက်နက်အဖွဲ့အစည်းမှ ဖိနှိပ်ချုပ်ချယ်ကာ လူမျိုးကြီးဝါဒကျင့်သုံးပြီး အနိုင်ကျင့်လျက်ရှိနေကြောင်း မြေပြင် PDF များနှင့် နီးစပ်သူထံမှ သိရပါတယ်။
“မန်ဒေါင်၊ မန်ဝိန်း၊ ဆဒုံး၊ ဝါရှောင် စန်းခါး၊ တာစန့် အဲ့ဒီဘက်က မြိုတွေ၊ ရွာတွေကို ရောက်နေကြတဲ့ PDF လူငယ်တွေကို KIA အဖွဲက ဖိနှိပ်ချုပ်ချယ်တာတွေ အရမ်းလုပ်နေကြတာ ဟုတ်တယ်။ PDF လူငယ်တွေကို နေ့တိုင်း ကင်းစောင့်ခိုင်းတယ်။ ဘယ်မှ ပေးမသွားခိုင်းဘူး။ ဘာဖုန်းမှလည်း ပေးမကိုင်ခိုင်းဘူး။ သူတိုပဲ ရွာထဲ၊ မြို့ထဲမှာ ဆိုင်ကယ်၊ ကား တဝီဝီနဲ့ သွားလာသောက်စား မူးယစ်ပျော်ပါးနေကြတယ်။ PDF လူငယ်တွေကို အကြောက်တရားနဲ့ ဖိနှိပ်ချုပ်ချယ်ပြီး အနိုင်ကျင့်ဗိုလ်ကျနေတယ်” ဟု ၎င်းကပြောပါတယ်။
ထို့အပြင် အထက်ပါကျေးရွာ၊ မြိုများအတွင်းက အိမ်မွေးတိရစ္ဆာန်ခွေးများကိုပါ KIO၊ KIA လက်နက်ကိုင်အဖွဲ့အစည်းက လက်ရှိကာလအတွင်း၌ မွေးမြူခွင့်မပေးပဲ ခွေးများကို လိုက်လံသတ်ဖြတ်ခြင်းများကိုပါ လုပ်ဆောင်နေကြောင်းအထက်ပါဒေသခံတစ်ဦးကဆိုပါတယ်။