ဖေဖော်ဝါရီလ ၁၈ ရက် (ယနေ့)နေ့လည် ၂ နာရီကျော်ခန့်က ညောင်ပင်ကွင်းရွာမှ မြိတ်မြို့သို့မောင်းနှင်လာသည့် လူ ၂၀ ဦးခန့် လိုက်ပါလာသည့် Light Truck ယာဉ်အား တနင်္သာရီမြို့နယ်၊ ပနပ်ငယ်ရွာအနီးတွင် အကြမ်းဖက် PDF များက မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် ပြည်သူ (၁၀)ဦး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရ။ ဒဏ်ရာရသူများမှာ -(၁) ဒေါ်တင်မာခိုင် (၄၆) နှစ် (၂) ဒေါ်ရှု (၆၄)နှစ်(၃) မောင်ဟန်ဖြိုးခန့် (၁၈)နှစ်(၄) ဒေါ်စန်းယု (၅၂) နှစ်(၅) ဒေါ်မြင့်မော် (၄၇) နှစ်(၆) မောင်ကျူဟန် (၁၈) နှစ်(၇) မနှင်းဇူလိုင် (၁၅) နှစ်(၈) ဒေါ်အေးမွန် (၅၄) နှစ်(၉) ဒေါ်စန်းမော် (၅၀) နှစ်(၁၀) ဒေါ်ပြုံး (၄၂) နှစ်တို့ဖြစ်ပြီး ညနေ ၄ နာရီခွဲခန့်တွင် ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိ ဆေးကုသခံယူလျက်ရှိပါသည်။









