ဖေဖော်ဝါရီလ ၁၆ ရက် ၀၈၅၀ နာရီတွင် နတ်မောက်မြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာရှိ ဦးမိုးကောင်း ပိုင်ဆိုင်သည် နွားခြံသို့ အကြမ်းဖက်အဖွဲ့အင်အား ၁၀ ဦးတို့သည် ဆိုင်ကယ် ၆ စီးဖြင့် ရောက်ရှိလာပြီး ဦးမိုးကောင်း အပါ အလုပ်သမား ၈ ဦး၏ လက်ကိုင်ဖုန်းများအား သိမ်းယူပြီး ဦးမိုးကောင်း ပိုင်ဆိုင်သည့် HARRIER (အဖြူရောင်)ယာဉ် ၁ စီးနှင့်အတူ ဖမ်းဆီးသွားခဲ့ပြီး ဖြစ်စဉ်တွင် အကြမ်းဖက်သမားများ ခြံအတွင်းသို့ ဝင်ရောက်လာချိန်၌ ဝင်းကိုထွန်း (၃၀)နှစ်မှာ ထွက်ပြေးခဲ့သဖြင့် အကြမ်းဖက်အဖွဲ့မှ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ရာ ဝင်းကိုထွန်းတွင် ယာနောက်စေ့ပွင့်ထွက်ဒဏ်ရာဖြင့် နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
–