မြန်မာ့ရိုးရာသနပ်ခါးကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု စာရင်းတင်သွင်းရန် ဆောင်ရွက်နေ

မြန်မာ့ရိုးရာ သနပ်ခါးကို ယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု စာရင်းတင်သွင်းနိုင်ရန်အတွက် သဘောထားမှတ်ချက်စစ်တမ်း စတင်ကောက်ယူနေကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

မြန်မာ့ရိုးရာ သနပ်ခါးကို UNESCO ၏ Representative List of The Intangible Cultural Heritage of Humanity သို့ အမည်စာရင်းတင်သွင်းမည့်ကိစ္စနှင့်ပတ်သက်၍ သဘောထားမှတ်ချက်ကို စစ်တမ်းပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်တမ်းမှာ အမည်၊ အသက်၊ နေရပ်၊ ပညာအရည်အချင်း၊ အလုပ်အကိုင်၊ မြန်မာ့ရိုးရာ သနပ်ခါးကို UNESCO ၏ Representative List of The Intangible Cultural Heritage of Humanity သို့ အမည်စာရင်းတင်သွင်းမည့်ကိစ္စ သ‌ဘောတူမတူစသည့် အချက်များဖြည့်ပေးရန် ဖော်ပြထားသည်။

“မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့” UNESCO ၏ Representative List of the Intangible Cultural Heritage of Humanity တွင် စာရင်းဝင်နိုင်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနက (၂၀၂၅) ခုနှစ် မတ်လ (၃၁)ရက်မတိုင်မီ ပြန်လည်တင်သွင်းရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *