UAV များကို ပစ်ချဖို့ဒီဇိုင်းထုတ်ထားသည့် ၇. ၆၂ မမ ကျည်ဆံသစ်

ရုရှား-ယူကရိန်းစစ်ပွဲတွင် ရုရှား တပ်မတော်အနေဖြင့် မောင်းသူမဲ့လေယာဉ် (UAV) များကို ဦးတည် တိုက်ခိုက်ရန် ဒီဇိုင်းထုတ်ထားသော ၇ ဒဿမ ၆၂ X ၃၉ မမ ကျည်အမျိုးအစားအသစ်ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ Zvezda TV ၏ မကြာသေးမီက ထုတ်လွှင့်ချက်တစ်ခုတွင် ရုရှားစစ်သည်များက ထိုအသစ်ဖန်တီးထားသော ကျည်ဆံများကို ပြသခဲ့ပါသည်။ ထိုကျည်ဆံများသည် သာမန်သတ္တု ကျည်ဆန်အစား 3D ပရင့်ထုတ်ထားသော အခေါင်းပေါက်ကျည်ဆန်အတွင်း ကျည်စေ့ (buckshot) များ ဖြည့်ထားသည့် ဒီဇိုင်း ဖြစ်သည်။ Buckshot ဆိုသည်မှာ ပြောင်းချော သေ/ နတ်ဖြင့် ပ/စ်ခတ်ရသည့် ခဲစေ့ကျည် သို့မဟုတ် စရိတ်ကျည် ဖြစ်သည်။ စံပြု ၅ ဒဿမ ၄၅ မမထက် ပိုမိုကြီးမားသော ၇ ဒဿမ ၆၂ မမ ကျည်ကို အသုံးပြုခြင်းဖြင့် UAV များကို ပိုမိုထိရောက်စွာ ချေ/မှုန်းနိုင်စေနိုင်မည်ဖြစ်သည်။ ဤတီထွင်မှုအသစ်သည် ခဲယမ်း ထုတ်လုပ်မှုနည်းပညာတွင် ကြီးမားသော တိုးတက်မှုတစ်ခုဖြစ်ပြီး၊ ကျည်ဆံများအား ကုန်ကျစရိတ်သက်သာ၍ လျင်မြန်စွာ ထုတ်လုပ်နိုင်သည့် အလားအလာများကို ပေးစွမ်းနိုင်ပါသည်။ သို့သော် ထို 3D ပရင့်ထုတ် Buckshot ကျည်များ၏ အပြည့်အဝ ထိရောက်မှုကို လက်တွေ့ စစ်မြေပြင်အခြေအနေများတွင် ထပ်မံစမ်းသပ် အတည်ပြုရန် လိုအပ်နေပါသေးသည်။ #NaingSweoo

Leave a Reply

Your email address will not be published. Required fields are marked *