ဇန်နဝါရီလ ၂၇ ရက် (ယနေ့) မနက်ပိုင်းမှာ တမူးမြို့နယ်အတွင်း နယ်မြေရှင်းလင်းနေတဲ့ စစ်ကြောင်းနှင့် အကြမ်းဖက် PDF ၃၀ ဦးခန့်တို့ ထိတွေ့မှုအနည်းငယ်ဖြစ်ပြီး ရန်သူထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ -(၁) အကြမ်းဖက် PDF ၁ လောင်း(၂) Type-81 သေနတ် ၁ လက်(၃) ကျည်အိမ် ၁ ခု၊ ကျည် ၂၁ တောင့်(၄) Drone ၁ စီးတို့အား သိမ်းဆည်းရရှိခဲ့သည်။-ထို့နောက် ဆုတ်ခွာထွက်ပြေးရန်သူနောက်သို့ လိုက်လံချေမှုန်းရာ ထိတွေ့မှုထပ်မံဖြစ်ပွားခဲ့ပြီး မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိခဲ့ကာ ရန်သူမှာ အလောင်းများဆွဲ၍ ထွက်ပြေးသွားခဲ့။ ဖြစ်စဉ်တွင် ရန်သူ့ထံမှ -(၁) အကြမ်းဖက် PDF ၂ လောင်း(၂) လက်နက်မျိုးစုံ ၆ လက် – Type-81 သေနတ် ၃ လက် – Type-81 ၂ ချောင်းထောက်ပါ စက်လတ် ၁ လက် – MA-1 သေနတ် ၁ လက် – ၄၀ မမလောင်ချာ ၁ လက်တို့အား ထပ်မံသိမ်းဆည်းရရှိခဲ့ပါသည်။ -တမူးဘက်မှာ ဒီနေ့ စုစုပေါင်း (၃) လောင်း၊ (၇) လက် ဖြစ်ပါတယ်။-တမူးဒေသခံ အကြမ်းဖက် ချင်း PDF များအနေဖြင့် တိုက်ပွဲဖြစ်ပွားပြီး သေဆုံးခဲ့သည့် ချင်း PDF အလောင်းများကို ရအောင်ဆွဲထုတ်သွားသော်လည်း ဗမာ PDF များ၏ အလောင်းများကိုတော့ ထားရစ်ခဲ့ကြပါသည်။
ယခုသိမ်းဆည်းရရှိသော အလောင်း ၃ လောင်းမှာ ဗမာ PDF အလောင်းများ ဖြစ်ကြောင်း စိတ်မကောင်းဖွယ် တွေ့ရှိရသည်။




