ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့ ငါးတိုင်ကျေးရွာအနီးသို့အရောက် နေရာ ၂ နေရာမှ KNU/KNLA တမဟ(၆)၊ KNDO ရင်း(၆) နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၃၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ ထိခိုက်ဒဏ်ရာရသူများအား ဆွဲယူကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး အဆိုပါ ရန်သူများ ဆုတ်ခွာထွက်ပြေးရာနောက်သို့လိုက်လံရှင်းလင်းစဉ်-
KNLA ၁ လောင်း တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်လက်နက်ကိုင် KNU/KNLA များအနေဖြင့် ကရင်လက်နက်ကိုင်အဖွဲ့သေဆုံးမှုများရှိပါက အလောင်းရအောင်ပြန်သယ်ပြီး ကောင်းမွန်စွာ သဂြိုလ်ပေးသော်လည်း ဗမာ PDF များရဲ့ အလောင်းတွေကိုတော့ ပြန်မသယ်ဘဲ ဒီတိုင်းထားခဲ့ကြတယ်လို့ အကြမ်းဖက်အဖွဲ့ဝင်တစ်ချို့ရဲ့ ရင်ဖွင့်ပြောကြားချက်များအရလည်း သိရှိရသည်။