စစ်ဆိုတာ အင်အားနည်းသည် များသည်မရှိ
ရဲစွမ်းသတ္တိနှင့် လုပ်ရည်ကိုင်ရည်သည်သာ ပဓာန ဆိုတာ ခေတ်သစ်တောင်ခမ်းက သက်သေတည်သွားခဲ့ပြီ
ရက်ပေါင်းရာနဲ့ချီတဲ့ ခံစစ် မှာ တိုက်စစ်ကို
အသွင်ပြောင်းနိုင်ကြောင်း ဖြစ်ရပ်ရဲ့နောက်ကွယ်မှာ
လူမသိသူမသိပေးဆပ်လိုက်ရတဲ့ အသက်တွေ ဘဝတွေဟာ ဒုနဲ့ဒေးရယ်
တက်ဆိုတက်တယ်…..တိုက်ဆိုတိုက်တယ်
တောင်ခမ်း က စစ်သည်တွေဟာ သူတို့ ဘဝတွေထပ် ပြည်ထောင်စုရဲ့ အလံ ကို တန်ဖိုးထားတယ်
နိုင်ငံတော်အလံနေရာမှာ ဘယ်အလံမှစိုက်တာကိုမလိုလားတဲ့စိတ်နဲ့ စစ်တိုက်ခဲ့တဲ့ တောင်ခမ်း အောင်စစ်သည်တွေ ရှေ့ကိုဆက်ချီပါလေ….
တရားသောစစ်အောင်မြင်ဖို့
မိသားစုသောကတွေအမြန်ဆုံးငြိမ်းဖို့
ပြည်ထောင်စုအဓွန့်ရှည်ပါဖို့
တိုက်တဲ့ စစ်သည် တွေ အောင်ပွဲအလီလီရပါစေ
မင်းထက်ကျော်ဇော