ဗန်းမော်မှာ အကျအဆုံးများနေတဲ့ KIA အကြမ်းဖက်များ

ဇန်နဝါရီ ၉ ရက်နေ့တွင် ဗန်းမော်မြို့တွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိရာ မြို့ခံ ပြည်သူလူထု၏ သတင်းပေးပို့ချက်အရ ဗန်းမော်မြို့တွင်းသို့ စိမ့်ဝင်လာသော KIA၊ PDF အကြမ်းဖက်သမားများ၏ အစုလိုက်အပြုံလိုက် အခြေပြုနေရာများအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ ၁၂၂ မမ ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ​မြေပြင်စစ်ကြောင်းများဖြင့် ရှင်းလင်းတိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်..

ဇန်နဝါရီလ ၉ ရက်နေ့ မနက် ၇ နာရီခန့်မှ နေ့လည် ၂ နာရီခန့်အထိ ဗန်းမော်တက္ကသိုလ်အနီး နေရာ ၃ နေရာ ခန့်တွင် KIA ၊ PDF အကြမ်းဖက်သမားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွင် လေကြောင်းပစ်ကူဖြင့် တိုက်ခိုက်ချေမှုန်းခဲ့ရာ အကြမ်းဖက်သမားများ အလောင်းများ ဆွဲယူပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဖြစ်စဥ်တွင် မိမိဘက်မှ ထိခိုက်မှုမရှိဘဲ ရန်သူဆုတ်ခွာသွားသည့်နေရာအား နယ်မြေရှင်းလင်းခဲ့ရာ..

အမ်(၂၂) -၄ လက်
Type-81 -၂ လက်
အာပီဂျီ -၁ လက်
ကျည်အိမ် -၁၀ ခု
ကျည် -၁၄၅၀ တောင့်
ဒုံးသီး -၄ လုံး
လမ်းလျှောက်စကားပြောစက် ၁ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ဗန်းမော်မြို့တိုက်ပွဲများတွင် KIA ၊ PDF များ ထိခိုက်ကျဆုံးများပြားနေပြီး ၎င်းတို့ရဲ့ သေဆုံးအလောင်းများ မီဒီယာပေါ် မရောက်ရှိစေရေးအတွက် အလောင်းများကို 4wheel ကားများဖြင့် သယ်ဆောင်ပြီး ကျောက်စခန်းရဲ့ အရှေ့တောင်ဘက် မီတာ ၁၅၀၀ ခန့်အကွာ လျှိုများအတွင်း ၁၀ လောင်း၊ ၁ ကျင်းနှုန်း ဖြင့် ကျင်းတူးမြှုပ်နှံနေကြောင်း သိရှိရပါတယ်…

ဓာတ်ပုံမှတ်တမ်းများ ရရှိပါက ထပ်မံတင်ပေးသွားပါမည်။

Leave a Reply

Your email address will not be published. Required fields are marked *