ဇန်နဝါရီ ၉ ရက်နေ့တွင် ရေးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ရေးမြို့၏ အရှေ့မြောက်ဘက် မီတာ ၈၅၀၀ ခန့်အကွာသို့အရောက် နေရာ ၂ နေရာမှ အကြမ်းဖက်အင်အား ၃၀ ဦးခန့်က Drone ၄ စီး(၂) ကြိမ် ဗုံးသီး ၁၀ လုံးဖြုတ်ချ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်အတွင်းမှ-
အကြမ်းဖက် ၁ လောင်း
အမ်(၄) ၁ လက်
ကျည်အိမ် ၁ ခု
ကျည် ၅ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။