Human metapneumovirus (HMPV) ဗိုင်းရပ်ပိုးအကြောင်း သိကောင်းစရာ

• တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာန (Chinese Centre for Disease Control and Prevention-China CDC)က ရရှိသော သတင်းအချက်အလက်များအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်ပွားမှုက ဆောင်းရာသီဖြစ်လို့ နှစ်စဉ်ဖြစ်ပွားနေကျ ရာသီရောဂါဖြစ်ပွားမှုပုံစံအတိုင်း မြင့်တက်ခြင်းသာဖြစ်ပြီး HMPV ဗိုင်းရပ်စ်ကြောင့် အသက်ရှူလမ်းကြောင်းရောဂါ ဖြစ်ပွားမှုအခြေအနေကို အရေးပေါ်အခြေအနေအဖြစ် ကြေညာထားခြင်းမရှိပါ။

• အဆိုပါ ဗိုင်းရပ်စ်ပိုးက ကိုဗစ်-၁၉ ရောဂါဗိုင်းရပ်စ်ပိုးကဲ့သို့ အသစ်ဖြစ်ပေါ်လာတဲ့ ဗိုင်းရပ်စ်ပိုးအမျိုးအစားသစ် (novel virus) တစ်ခုမဟုတ်ပါ။

• ထိုရောဂါပိုးကြောင့် သေဆုံးမှုနှုန်းက တခြားအသက်ရှူလမ်းကြောင်းရောဂါများ ကြောင့် သေဆုံးမှုများအားလုံးရဲ့ တစ်ရာခိုင်နှုန်းအောက်သာရှိ

• မြန်မာနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနက ပြည်တွင်းမှာ HMPV ရောဂါပိုးနှင့် ရာသီ တုပ်ကွေးရောဂါပိုးအပါအဝင် အဏုဇီဝပိုးများကြောင့်ဖြစ်ပွားတဲ့ အသက်ရှူလမ်းကြောင်းရောဂါတွေကို အချိန်ပြည့် စောင့်ကြပ်ကြည့်ရှုလျက်ရှိ

• HMPV ရောဂါပိုးက ကိုဗစ်-၁၉ ရောဂါနှင့်ကဲ့သို့ မဟုတ်ဘဲ ယခင်ကတည်းက ဖြစ်ပွားတတ်သော ရောဂါပိုး ဖြစ်

• ၂ဝ၂၃ နဲ့၂၀၂၄ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနအချက်အလက်များအရ ပြင်ပလူနာကုဌာနတွေကို လာရောက်ပြသကုသမှု ခံယူခဲ့သူတွေမှာလည်း
အဆိုပါ HMPV ရောဂါပိုး ဖြစ်ပွားတာတွေကို တွေ့ရှိရပြီး
ပြည်သူတွေဆီမှာ အဆိုပါ ရောဂါပိုးနဲ့ ပတ်သက်ပြီး ကိုယ်ခန္ဓာ ခုခံအားစနစ်ရှိပြီးသား ဖြစ်နေပြီလို့ ယူဆရ

• ရောဂါလက္ခဏာရှိသူများ အထူးသဖြင့် အသက် ၆၀ နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူ၊ ကလေးငယ်၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကိုယ်ခံအားကျဆင်းနေသူတွေမှာ အပေါ်ကဖော်ပြထားတဲ့ ရောဂါလက္ခဏာများ ခံစားရတတ်တဲ့အပြင် အသက်ရှူကျပ်ခြင်း၊ မောပန်းခြင်းစသည့် ပြင်းထန် ရောဂါလက္ခဏာတွေ ပေါ်ပေါက်လာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံးသွားရောက်ပြီး ဆေးကုသမှု ခံယူကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ခင်ညိုချော

Leave a Reply

Your email address will not be published. Required fields are marked *