ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊အမှတ်(၁၀)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၆/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)၊ဒေသကွပ်ကဲရေးမှူး၊ တပ်နယ်မှ အရာရှိကြီးများ၊ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ (ကလေး) ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများနှင့် တပ်နယ်မှ အရာရှိ/ စစ်သည် /မိသားစုများ တက်ရောက်ခဲ့ကြပါတယ်။
သင်တန်းဆင်းပွဲတွင် ခေတ္တကျောင်းအုပ်ကြီးမှ သင်တန်းဆင်းဆုရစစ်သည်များအားဆုများ ပေးအပ်ချီးမြှင့်၍ သင်တန်းဆင်းမိန့်ခွန်း ပြောကြားခဲ့ပြီး သင်တန်းဆင်းပွဲအပြီးတွင် သင်တန်းသားများအား စားသောက်ဖွယ်ရာများဖြင့် တည်ခင်းကျွေးမွေးခဲ့ကြောင်း သိရှိရသည်။



