မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာရပ်များ မတိမ်ကော၊မပပျောက်စေရန်နှင့်မျိုးချစ်စိတ်၊ဇာတိသွေး၊ဇာတိမာန်များရှင်သန်ထက်မြက်စေရန် ရည်ရွယ် ချက်များဖြင့်ကျင်းပပြုလုပ်သော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ (၁၉)ကြိမ်မြောက်တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့်မျက်လှည့်ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁ ရက်နေ့နံနက်ပိုင်းတွင် နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်၍ အကောင်းဆုံးတံခွန်စိုက်ဆုအား ပေးအပ်ချီးမြှင့်သည်။ အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်နီလာ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ဗိုလ်ချုပ်ကြီး…