နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု အောက်တွင် တပ်မတော်အနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို အစဉ်တစိုက်အလေးထား ဆောင်ရွက်လျက်ရှိသည်နှင့်အညီ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter – Terrorism Operation)များတွင် အောင်မြင်မှုများရရှိကာ အကြမ်းဖက်သောင်းကျန်း သူများ ယာယီထိန်းချုပ်ထားသည့် နယ်မြေများအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးဆက်သွယ်ရေးလမ်းကြောင်းများအား အပြည့်အဝပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့မှုအပေါ် အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်း၊ အချိန်ကြာမြင့်လာသည်နှင့်အမျှကိုယ်ကျိုးစီးပွားကိုအခြေခံ၍ နယ်မြေလုခြင်း၊ ဝေစုမတည့်ခြင်း၊ အချင်းချင်း ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။ ထို့ပြင် NUG၊ CRPH အကြမ်း ဖက်အဖွဲ့များအနေဖြင့် ၎င်းတို့၏ လက်ဝေခံမဟုတ်သည့် Local PDF အမည်ခံအကြမ်းဖက်အဖွဲ့များအား…