အကြမ်းဖက်အလောင်းတွေပုံသွားတဲ့ ဖလမ်းတိုက်ပွဲ

ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ချင်းပြည်နယ် ဖလမ်းမြို့ နယ်မြေခံတပ်ရင်းဌာနချုပ်သို့ နေရာ ၄ နေရာမှ အကြမ်းဖက်သူအင်အား ၁၃၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ လေကြောင်း ပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

လေကြောင်းပစ်ကူ ထိရောက်​စေရေးအတွက် တပ်ဌာနချုပ်ကို လာရောက်တိုက်ခိုက်သော အကြမ်းဖက်သမားများ၏ တပ်နေရာများကို ဒရုန်းဖြင့် ကင်းထောက်ပြီး လေကြောင်းပစ်မှတ် သတ်မှတ်ကာ မြေပြင်တပ်များနှင့် ဟန်ချက်ညီ လေကြောင်းပစ်ကူပေးတိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်သောင်းကျန်းသူများ အထိအခိုက်အကျအဆုံးများစွာ ကစဥ့်ကလျား ဆုတ်ခွာ ထွက်ပြေးသွားခဲ့။

ရန်သူဆုတ်ခွာထွက်ပြေးသွားတဲ့ နေရာများသို့ လိုက်လံရှင်းလင်းခဲ့ရာ ဒီဇင်ဘာလ ၁၂ ရက်မနက်ပိုင်းအထိ အလောင်းမသယ်ယူနိုင်ပဲကျန်ခဲ့သည့်-

အလောင်း -၁၂ လောင်း
လက်နက် -၁၄ လက်
ကျည် -၃၀၀ တောင့်
ကျည်အိမ် -၁၄ ခု
စက်လက်ကျည် ခါးပတ်တွဲ -၂ ခု
RPG ဒုံးသီး -၃ လုံး
RPG ပို့ကျည်- ၁ တောင့် သိမ်းဆည်းရမိခဲ့ပြီး ဖြစ်စဉ်အတွင်း မိမိစစ်သည် ၁ ဦး ကျ၊ ၁ ဦး ဒဏ်ရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံများရရှိပါက ထပ်မံဖော်ပြပေးပါမည်။

Leave a Reply

Your email address will not be published. Required fields are marked *