ဗန်းမော်တွင် KIA ၃ လောင်း ၂ လက်ရရှိ

ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်တက္ကသိုလ်သို့ နေရာ ၄ နေရာမှ KIA နှင့် အကဖ အင်အား ၅၀ ဦးခန့်က ၁ ကြိမ်၊ နေရာ ၂ နေရာမှ ရန်သူအင်အား ၅၀ ဦးခန့်က ၁ ကြိမ် ၊ ပေါင်း ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ပြီး ဖြစ်စဉ်အတွင်း-

KIA အကြမ်းဖက် ၃ လောင်း
လက်နက် ၂ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့ဝန်းကျင်တွင် KIA အဖွဲ့မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသဖြင့် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေပြီး မြို့စွန်ရပ်ကွက်များမှ ပြည်သူအများ စိုးရိမ်ထိတ်လန့်စွာဖြင့် တိုက်ပွဲရှောင် ထွက်ပြေးလျက်ရှိကြောင်း ၊ KIA ရဲ့ တိုက်ခိုက်လာမှုအား တပ်မတော်မှ ထိန်းချုပ်ထားနိုင်ပြီး လေကြောင်းပစ်ကူ အမြောက်ပစ်ကူ တင့်ကားပစ်ကူများဖြင့် ပြန်လည်တုန့်ပြန်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *