ပင်းတယတိုက်ပွဲသတင်း

ဒီဇင်ဘာ ၂ ရက်က ရှမ်းပြည်(တောင်ပိုင်း) ပင်းတယမြို့၏ အရှေ့မြောက်ဘက် နန့်အင်းကျေးရွာအနီး၌ နယ်မြေလုံခြုံရေးဆောင်ရွက်နေသောတပ်ဖွဲ့များနှင့် RCSS/SSA အင်အား ၂၀ ဦးခန့်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အတွင်းမှ-

RCSS/SSA ၁ ဦး(အရှင်)၊ အသေ ၁ လောင်း
အမ်(၂၂) ၁ လက်
ကျည်အိမ် ၁ ခု သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်ရှင်းလင်းစဉ် RCSS/SSA အဖွဲ့ ၂၀ ဦးခန့် နေထိုင်ခဲ့သည့် ကျောက်တလုံးကျေးရွာ ဘုန်းကြီးကျောင်းအတွင်းမှ –

အမ်(၂၂) ကျည်အိမ် ၂ ခု
ဆန်(၁၂) ပြည်ခန့်အား တွေ့ရှိခဲ့။

ဖမ်းဆီးရမိသည့် RCSS/SSA အဖွဲ့ဝင်အား စစ်ဆေးမေးမြန်းချက်အရ မိုင်းအင်တိုက်နယ်ဆေးရုံတွင် RCSS/SSA အဖွဲ့ဝင် ၁ ဦး ဆေးရုံတက်ရောက်နေကြောင်း သတင်းအရ သွားရောက်ဖမ်းဆီးခဲ့ရာ-

RCSS/SSA အဖွဲ့ဝင် ၁ ဦးနှင့် လူနာစောင့် ၁ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *