မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို UNESCO မှာ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း (Intangible Cultural Heritage- ICH) တွင်ပါဝင်ရေး အဆိုပြုတင်သွင်းလွှာအား တာဝန်ရှိသူများမှ သတ်မှတ်စံနှုန်းများနှင့်အညီ ဖြည့် စွက်ပြီး ၂၄-၃-၂၀၂၃ ရက်နေ့တွင် Living Heritage Entity Culture Sector (France) သို့လည်းကောင်း၊ တိုင်းရင်းသားများ၏ ထောက်ခံချက်နှင့် အသံဖိုင်ကိုလည်း ၂၆-၉-၂၀၂၃ ရက်နေ့တွင်လည်းကောင်း ပေးပို့ခဲ့သည်။ UNESCO မှ ထပ်မံ မေးမြန်းလာသည့် မေးခွန်း ၂ ခုအား အင်္ဂလိပ်၊ ပြင်သစ် ၂ ဘာသာဖြင့် ဖြေဆို၍ ပြန်လည်ပေးပို့ခဲ့သည်။ လက်ရှိ အချိန်တွင် မြန်မာ့အတာသင်္ကြန် ICH အတွက် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့သည် အောင်မြင်အောင် ကြိုးစားဆောင်ရွက်လျက်ရှိပြီး ၂၀၂၅ ခုနှစ်တွင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် သည် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ဖြစ်လာတော့မည်ဖြစ်သောကြောင့် ပြည်သူများမှ ဂုဏ်ယူဝမ်းမြောက်လျက်ရှိကြောင်း သိရှိရသည်။
နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် ၂၀၂၅ ခုနှစ်တွင် UNESCO မှာ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ဝင်လာတော့မည်
