လူတော်တော်များများက စိတ်ကျမှု ဖြစ်လာပြီဆိုရင် တခြားသောနည်းများနဲ့ ကုစားလေ့ရှိကြပါတယ်။ ဒါပေမဲ့ အမှန်တကယ်ထိရောက်မှုရှိတဲ့ စိတ်ကျမှုကို တိုက်ဖျက်ခြင်းနည်းလမ်းက လေ့ကျင့်ခန်း လုပ်ခြင်း သာဖြစ်တယ်ဆိုပြီး သုတေသန ပညာရှင်များကပြောထားပါတယ်။
စိတ်ကျမှုဖြစ်ပြီဆိုရင် ဦးနှောက်နဲ့စိတ် ပိုင်းဆိုင်ရာလုပ်ဆောင်ချက်အများအပြား ကိုထိခိုက်စေနိုင် ပါတယ်။ အဲဒီလိုထိခိုက် မှုတွေထဲမှာ သင်ယူမှု၊ မှတ်ဉာဏ်နဲ့စိတ်ခွန်အားပေးမှုတွေလည်းပါဝင်ပါတယ်။
ဒီလိုအချိန်မှာ လေ့ကျင့်ခန်းလုပ်ခြင်း က ရောင်ရမ်းမှုတွေဖြစ်ပေါ်ခြင်းကိုနည်း ပါးစေပြီး ဒိုပါမင်လို့ ခေါ်တဲ့ဟော်မုန်းထွက် ရှိမှုကို တိုးမြင့်စေတာကြောင့် စိတ်ကျမှု ကို တိုက်ဖျက်နိုင်တာပါ။ ဒိုပါမင်ဆိုတာ ကပျော်ရွှင်မှုကိုဖန်တီးပေးတဲ့ ဟော်မုန်း ဆိုပြီး လူသိများပါတယ်။
ဒါကြောင့် ကိုယ်ကစိတ်ကျနေချိန်မှာ ကိုယ်နဲ့ကိုက်ညီမယ့် လေ့ကျင့်ခန်းအစီအစဉ်တွေကို လုပ်ဆောင် မယ်ဆိုရင် စိတ်ကျခြင်းကိုကုသနိုင်ပါလိမ့်မယ်။