ပြည်သူများ၏ သတင်းပေးချက်အရ ဝင်ရောက်ရှင်းလင်းရာ အကြမ်းဖက်အလောင်း/လက်နက်များရရှိ

နိုဝင်ဘာ ၂၇ ရက် ညနေ ၅ နာရီခန့်တွင် လွိုင်ကော်မြို့နယ်ထဲရှိ လင်ဖုန်းလေးတောင်ကုန်းတွင် အကြမ်းဖက်သမားများ ရောက်ရှိနေကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးမှုအရ Surveillance Drone ဖြင့် ကင်းထောက်ကြည့်ရှုခဲ့ရာ အကြမ်းဖက် KNPP/KNDF/PDF အင်အား ၃၀ ဦးခန့်အား တွေ့ရှိခဲ့သည်။

ထို့ကြောင့် ချင်းချင်းပင် တိုက်ခိုက်ရေး Drone များ၊ ခြေလျင်အကူလက်နက်ကြီးများဖြင့် ကြိုတင်ပစ်ခတ်ချေမှုန်း ပြီး ရန်သူရောက်ရှိနေတဲ့ တောင်ကုန်းအား သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ပြီး ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ –
(၁) အကြမ်းဖက် KNPP/KNDF/PDF အလောင်း -၃ လောင်း
(၂) လက်နက်မျိုးစုံ -၅ လက်

  • RPG လောင်ချာ -၁ လက်
  • MA-3 သေနတ် -၁ လက်
  • M-16 သေနတ် -၁ လက်
  • KA သေနတ် -၂ လက်
    (၃) ကျည်အိမ်မျိုးစုံ ၅ ခု
    (၄) ကျည်ကာဦးထုပ် ၃ လုံး တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *