ငဖဲမြို့နယ်၊ ဘုံးဘောကျေးရွာကို တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းအမှားများ လုပ်ကြံရေးသား

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ဘုံးဘောကျေးရွာကို နိုဝင်ဘာ ၂၃ ရက်က လုံခြုံရေးတပ် ဖွဲ့ဝင်များမှ ကျေးရွာအတွင်းဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသားပြီး အများ ပြည်သူ အထင်အမြင်လွဲမှားစေရန် လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ ၎င်းရက်နေ့တွင် ငဖဲမြို့နယ်၊ ဘုံးဘောကျေးရွာအတွင်း အကြမ်းဖက်လုပ်ရပ် များလုပ်ဆောင်နေသည့် PDF အမည်ခံအကြမ်းဖက်သမားများ စုဖွဲ့ရောက်ရှိနေကြောင်း မြေပြင် သတင်းများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ရာ ဘုံးဘော ကျေးရွာအတွင်းမှ အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက်သမားများက ကျေးရွာအတွင်းမှ နေအိမ်များကိုမီးရှို့ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများက နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင် များအပေါ် အထင်အမြင်လွဲမှားစေရန်နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ဒေသခံပြည်သူများ ၏နေအိမ်များ မီးရှို့ဖျက်ဆီးခြင်းကို ဖုံးကွယ်ရန်အတွက် ယခုကဲ့သို့ သတင်းတု၊ သတင်းအမှားများဖြင့် လုပ်ကြံရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *