နိုဝင်ဘာ ၂၄ ရက် မနက် ၁၀ နာရီခန့်က ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ စစ်တောင်းမြစ် အရှေ့ဘက်ကမ်း၊ မြို့လှမြို့၏ အနောက်မြောက်ဘက် မီတာ ၁၂၀၀၀ ခန့်အကွာတွင် လက်နက်/ခဲယမ်းများ သယ်ဆောင်မည်ဟု သတင်းရရှိသဖြင့် ဝန်းကျင်အား ပိတ်ဆို့ရှင်းလင်းရာ အကြမ်းဖက် ၁၀ ဦးခန့်ဖြင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ –
(၁) အကြမ်းဖက် အလောင်း ၁ လောင်း
(၂) သေနတ် ၂ လက်
- M-4 သေနတ် ၁ လက်
- ပစ္စတို ၁ လက်
(၃) ကျည်အိမ် ၂ ခု၊ ကျည် ၁၀ တောင့် တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။