၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲသတ္တမနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ နိုဝင်ဘာ ၂၄ ရက်က ဆက်လက်ကျင်းပခဲ့သည်ဟု သိရသည်။
ယင်းနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲအမှတ် (၁၇၀၁) မှ (၂၅၅၉) အထိ ကျောက်စိမ်းအတွဲများကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးရာ ကျောက်စိမ်းအတွဲပေါင်း ၅၉၅ တွဲ ရောင်းချခဲ့ရသည်ဟုဆိုသည်။
အလားတူ ပြပွဲအဋ္ဌမနေ့တွင် ရောင်းချမည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲအမှတ် (၂၅၆၀)မှ(၃၃၀၉) အထိကို ပြည်တွင်းရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကာ ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာတင်ဒါပုံးများအတွင်းသို့ ထည့်သွင်းခဲ့ကြပြီး အဆိုပါ ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ညနေပိုင်းတွင် ဖွင့်ဖောက်စစ်ဆေး၍ ရောင်းချရသည့် ကျောက်စိမ်းအတွဲများစာရင်းကို ယနေ့ နိုဝင်ဘာ ၂၅ ရက် တွင် ကြေညာသွားမည်ဖြစ်သည်။
crd//
