“လုံခြုံလှပဘဝများ အမျိုးသမီးနှင့်ကလေးတိုင်းရစေသား”ဆောင်ပုဒ်ဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အမျိုးသမီးများနှင့် ကလေးသူငယ်များလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF)၏ (၁၃)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ M Gallery Hotel ၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတ၏ဇနီး မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၏ ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်သည်။ အခမ်းအနားသို့ ဒုတိယသမ္မတ (၁) ဦးညိုစော၏ဇနီး မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း ဂုဏ်ထူးဆောင်နာယက ဒေါ်စမ်းစမ်းအေးနှင့် ဒုတိယသမ္မတ(၂) မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း…