လယ်ထဲဆေးဖြန်းနေသည့် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌကို အကြမ်းဖက် PDF များမှသတ်ဖြတ်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျောက်တန်ကျေးရွာတွင် လယ်ထဲဆေးဖြန်းနေသည့် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌကို အကြမ်းဖက် PDF အဖွဲ့ဝင်များမှ သတ်ဖြတ်သွားကြောင်း သိရသည်။

အောက်တိုဘာလ (၇)ရက် ညနေ (၄)နာရီ (၄၀)မိနစ်အချိန်က သထုံမြို့နယ် ကျောက်တန်းကျေးရွာ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးစိုးလှိုင်သည် ကမာဘောင်ကျေးရွာရှိ ၎င်းပိုင်လယ်အတွင်း ဆေးဖြန်းနေစဉ် အကြမ်းဖက် PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည်။

ယင်းသို့ ပစ်ခတ်ခံရမှုကြောင့် ဦးစိုးလှိုင်တွင် သေနတ်ဒဏ်ရာ (၈)ချက်ခန့် ရရှိကာ အခင်းဖြစ်ပွါးသည့် နေရာတွင် သေဆုံးသွားကြောင်း သိရသည်။